ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၁၅၈၈ ဦး ဖြေဆို

ပုဗ္ဗသီရိ မတ် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာဘာသာ)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)နှင့် အခြေခံပညာအထက်တန်းကျောင်း(အောင်သုခ) စုစုပေါင်း စာစစ်ဌာန ငါးခုတို့၌ ကျောင်းသား ၇၈၁ ဦး၊ ကျောင်းသူ ၈၄၅ ဦး စုစုပေါင်း ၁၆၂၆ ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား ၇၆၃ ဦး၊ ကျောင်းသူ ၈၂၅ ဦး စုစုပေါင်း ၁၅၈၈ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၃၈ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၆၆ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)