ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါး ယဥ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်
- Read more about ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါး ယဥ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။