နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ သစ်စိမ်းမြေသြဇာ မျိုး‌စေ့ပေးအပ်ပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပက်ကြဲခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲတက်ရောက်

နေပြည်တော် မေ ၂၃

၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာမျိုးစေ့ပေးအပ်ပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်သူ ဦးထွန်း‌ဝေ၏ ကွင်းအမှတ် (၁၈၂၈ က) တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဒက္ခိသီရိမြို့ နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်  တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က မြေလွတ်၊ မြေကွက်လပ်များတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ကြဲပက်စိုက်ပျိုးထားရှိရန်၊ သဘာဝမြေဩဇာ ရရှိရန်အတွက် ပိုက်ဆံလျှော်များ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်တို့ကို မှာကြားကာ တောင်သူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သစ်စိမ်းမြေဩဇာမျိုးစေ့ (ပိုက်ဆံလျှော်) များကိုပေးအပ်ရာ တောင်သူများက လက်ခံရယူသည်။

ထို့နောက်  စိုက်ပျိုးရေးဦးစီးဌာမှ တာဝန်ရှိသူများက တောင်သူ ဦးထွန်းဝေ၏ စိုက်ပျိုးမြေ (၁၆)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားရှိခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ သစ်စိမ်းမြေသြဇာတစ်ဧက စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစိုတန် (၁၃.၅)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂.၆၆)အိတ်၊ တီစူပါ(၀.၃၅)အိတ်၊ ပိုတက်(၁.၃၇)အိတ်နှုန်းနှင့် ညီမျှကြောင်းကို‌ နေပြည်တော်ကောင်စီဝင်နှင့် တောင်သူများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) များကြဲပက်၍ တောင်သူအသိပညာပေး သရုပ်ပြခြင်းနှင့် သစ်စိမ်းမြေဩဇာများ ထယ်ထိုး မြေမြုပ်ခြင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)