ဥတ္တရသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စခန်းသွင်း လေ့ကျင့်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ(၇၂)ဦးအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစားထားရှိမှု အခြေအနေများကိုကြည့်ရှုပြီး ဆရာ၊ ဆရာမများ၏ သင်ကြားမှုများကို စနစ်တကျလေ့လာ ကျက်မှတ်ရေး၊ စိတ်ဓာတ်တက်ကြွစွာဖြင့် အမှတ်ကောင်းရရှိအောင် ကြိုးစားဆောင်ရွက်ရေး၊ ကျန်းမာရေးဂရုစိုက် နေထိုင်ရေးစသည်တို့ကို ပြောကြားခဲ့ပြီး ရွှေဖီဦးလက်ဖက်ရည်ထုပ်များ၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ မုန့်မျိုးစုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)