ဥတ္တရသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများကို လေ့လာမှတ်သားလာနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့်ဆိုးကျိုးများ၊ ရင်ဆိုင်ရမည့်ပြစ်မှုများနှင့် ကျောင်းနေအရွယ်တွင် ပညာရေးတွင် အလေးထားသင်ယူစေလိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာသင့်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)