ဥတ္တရသီရိမြို့နယ်၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံအားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စခန်းသွင်း လေ့ကျင့် သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။