ဇေယျာသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စားအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှားရမ်းပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေကိုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ငှားရမ်းပေးခြင်းဖြစ်ပြီး သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)