နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026 )သို့ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ချင်းတွင်းလမ်းနှင့် သီရိမဏ္ဍိုင်လမ်းတို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာလှပစေရေး၊ လမ်းဥပဓိရုပ်ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ လမ်းပုခုံးမြေသားများ လမ်းမျက်နှာပြင်ထက် မြင့်တက်နေမှုမရှိစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး မြေယာရှုခင်းများ၌ ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရေး၊ လမ်းဘေးဝဲ/ယာ အရိပ်ရအပင်များ ထပ်မံတိုးချဲ့စိုက်ပျိုးရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။