နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက် ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီများ၊ အငယ်စား၊ အလတ်စား ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဝင်ရောက်လာစေရေးနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများစီးပွားရေးချိတ်ဆက်နိုင်ရေးရည်ရွယ်ကာ ယခုကဲ့သို့ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပြီး ဆွေးနွေးပွဲမှာ တက်ရောက်လာကြသူများအနေဖြင့်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးရန်နှင့် အားလုံး ညီညီညွတ်ညွတ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြိုးပွင့်ဟန်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးဝင်းဦးက ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်စိုးမမဌေးက နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာန၏လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်  တက်ရောက်လာသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းခဲ့ကြပြီး  Bussiness Matchingစီအစဉ်တွင် စက်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊  ဝန်ဆောင်မှု ကဏ္ဍများ၌ လုပ်ငန်းရှင်များအနေဖြင့်လည်းကဏ္ဍအလိုက် စိတ်ဝင်စားစွာတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)