ဇမ္ဗူသီရိ ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်သီရိဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) သင်တန်းအား ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဇမ္ဗူသီရိမြို့နယ်မြို့နယ် ဥပဒေအရာရှိ ဒေါ်ဆုနှင်းဝေက သင်တန်းပို့ချသွားမှာဖြစ်ပြီး သင်တန်းသား/သင်တန်းသူဦရေ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မျိုးထွန်း (ပြန်/ဆက်)