မုံရွာမြို့၌ ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်နေ့က မုံရွာမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဒုတိယဦးစီးမှူး (ကျန်းမာပညာ)များမှ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့်အတူ အသက်(၅)နှစ်အောက် ကလေးများအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အဏုအာဟာရမှုန့်များဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မုံရွာမြို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။