သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း ရာပြည့်အလှူငွေပေးအပ်

ရန်ကုန် ဇွန် ၁၅

သန်လျင်ခရိုင် သန်လျင်မြို့ သိမ်ကျောင်းလမ်းရှိ ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် သန်လျင်မြို့ မြို့မဈေး ဒေါ်သန်းရွှေအထည်ဆိုင်မိသားစုက ပထမအကြိမ် လှူဒါန်းငွေကျပ် (၅) သိန်းကို ပေးအပ်လှူဒါန်းရာ ရာပြည့်ပွဲတော်ကျင်းပရေး နာယက ဒေါက်တာဦးဝင်း၊ ဥက္ကဋ္ဌ ဦးသန်းထွန်းတို့က လက်ခံရယူပြီး ကျေးဇူးတင်ဆုတောင်းစကားများ ပြန်လည်ပြောကြားကြသည်။

သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ကျောင်းသား / ကျောင်းသူဟောင်းများအနေဖြင့် ဖုန်း ၀၉ ၅၀၁၅၀၂၁၊ ၀၉ ၅၀၁၁၇၀၇၊ ၀၉ ၇၉၈၀၀၂၃၄၃ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)