အိမ်မဲ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရုံးတောကျေးရွာအုပ်စုရှိ ရုံးတောအခြေခံပညာအထက်တန်းကျောင်း (အထက) တွင် ဇွန်လ ၁၄ ရက်နေ့က ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများ ပေးအပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာသို့ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရုံးတော အ.ထ.က ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ၊ ကျေးရွာရပ်မိ ရပ်ဖများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်