၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရေနံချောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီး တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။