အမြို့မြို့အနယ်နယ်သတင်းများ

ကော့မှူးတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ‌ ကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ‌ကြေညာထားမှုကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက လိုက်လံကွင်းဆင်း၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။  

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများစည်ကားသိုက်မြိုက်စွာ ဆန္ဒမဲပေး

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၆)နာရီက သက်ဆိုင်ရာ မဲရုံအသီးသီးတွင်ပြုလုပ်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေးလျက်ရှိကြသည်။

ကျောက်တလုံးကြီးမြို့၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ‌မဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိမဲရုံများတွင် ယနေ့နံနက် ၆ နာရီက စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ မဲပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲပေးသူများပြား

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအတွင်း မဲရုံများတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်တွင်းကြီးမြို့နယ်၌ မဲရုံများ စတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ နံနက်(၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

 ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စုရှိ မဲရုံပေါင်း(၁၃၃)ရုံ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေး   

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စု၌ မဲရုံပေါင်း(၁၃၃)ရုံဖြင့် ယနေ့နံနက် ၆ နာရီက စတင်ကျင်းပလျက်ရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၀၁)တွင် ဆန္ဒမဲလာရောက်ပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၀၁)တွင် ယနေ့ နံနက် ၆:၁၅ နာရီက ဆန္ဒမဲလာရောက်ပေးခဲ့သည်။

တီးတိန်မြို့၌ ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲစတင်ပေးခြင်းများဆောင်ရွက်

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွထွေရွေးကောက်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ စ‌ကောလမ်းမဲရုံတွင် နံနက် ၆ နာရီ၌ မဲရုံမှူးကမဲရုံဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများက ကြိုတင်မဲပေးခြင်းများကို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ကြရာ ယနေ့တွင်လည်းဆက်လက်ဆောင်ရွက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကျောက်ဆည်မြို့နယ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနေမှုများအားကြည့်ရှု

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် ရှိမဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုများကို ကြည်ရှုခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ