ပန်းဘဲတန်းမြို့နယ်၌ ယာဉ်စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သည့် မော်တော်ယာဉ်မောင်းများအား အရေးယူဆောင်ရွက်

ပန်းဘဲတန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ယနေ့နံနက် ၁၁း၀၀ အချိန်က လူစည်ကားရာနေရာများဖြစ်သော မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းမီးပွိုင့်၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းမီးပွိုင့်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းတို့တွင် ယာဉ်စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သည့် မော်တော်ယာဉ်မောင်းများအား အရေးယူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူစည်ကားရာနေရာများဖြစ်သော မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းမီးပွိုင့်၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းမီးပွိုင့်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းတို့တွင် နိုင်ငံတော် အစိုးရ၏ ပထမရက် (၁၀၀) ကာလ ရည်မှန်းချက်များတွင် ပါဝင်သည့် အများပြည်သူများ သွားလာနေမှုကို အနှောက်အယှက်အဟန့်အတားဖြစ်စေသည့် မီးပွိုင့်များနှင့် လမ်းဆုံ လူကူးမျဉ်းကြားများပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်များကို စစ်ဆေးအရေးယူဆောင်ရွက်မှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြ‌သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အများပြည်သူသွားလာနေသည့် လမ်းဆုံမီးပွိုင့်များနှင့် လူကူးမျဥ်းကြားများပေါ်တွင် စည်းကမ်းမဲ့ရပ်နားထားသည့် မော်တော်ယာဥ် (၁၀) စီးကို မောင်းနှင်သည့် ယာဉ်မောင်း (၁၀) ဦးအား ၂၀၂၂ ခုနှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ် စီမံခန့်ခွဲမှုနည်းဥပဒေ (၂၉၇) အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)