ဟုမ္မလင်း ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေတစ်ဝှက် စစ်ဆင်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံသားကောင်း တပ်မတော်သားများကို ဇွန်လ (၁၁)ရက်ညနေပိုင်းအချိန်တွင် ဂုဏ်ပြုကြိုဆိုပွဲကိုအမှတ် (၂၂၂)တပ်ရင်း၌ ပြုလုပ်ရာ ဟုမ္မလင်းမြို့၊ မြို့မကျောင်းတိုက်ဆရာတော်ဦးဣန္ဒဝံသ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ် မြတ်မင်းသန်း၊ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အရာရှိစစ်သည် မိသားစုများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားများမှ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဉစ္စာများကို လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးတို့အတွက် အသက်ကိုစွန့်ပြီး စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်များကို ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ်နှင့်အတူ တက်ရောက်လာကြသူများက အောင်သပြေခတ်များနှင့် ပန်းကုံးများကိုလည်းကောင်း၊ ရှမ်းအိုးစည်အတီးအမှုတ်များနှင့်လည်းကောင်း၊ ဝမ်းမြောက်စွာ သောင်းသောင်း ဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)