ပခုက္ကူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေပါသိကောင်းစရာများ၊ ကော်မတီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲအောင်က ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)