အမြို့မြို့အနယ်နယ်သတင်းများ

ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲစတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ဖြေဆိုခြင်းအား ဇွန် ၁၅ ရက် နံနက် ၉ နာရီကစတင်၍ သက်ဆိုင်ရာ စာဖြေ  ကျောင်းများတွင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မြောင်းမြမြို့တွင်  မိုးရွာသွန်းမှုကြောင့်လဲပြိုသည့် အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဖယ်ရှား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်မိုးရွာသွန်းပြီးမြေပျော့မှုကြောင့် လုံးပတ် ၁၅ပေ၊ အမြင့် ၄၀ ပေခန့်ရှိသည့် ညောင်ပင်သည်လမ်းမပေါ်သို့လဲကျပြီးလမ်းပိတ်ဆို့ခဲ့ရာ အများပြည်သူများ သွားလာမှုမခက် ခဲစေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် ကံကော်မြိုင်ရပ်ကွက်နှင့် စမ်းချောက်ကုလားကုန်းကျေးရွာတို့တွင် လဲကျသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ ကြောင်းသိရသည်။

ကမမောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ  နိုင်ငံတော်အစိုးရ၏  ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID(Unique Indentity) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးသည်။ 

ဝေါမြို့နယ် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်၌ တရားမဝင်တင်သွင်းလာသည့် လူသုံးရန်မသင့်သော ကုန်ပစ္စည်းအမျိုးမျိုးအားဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးရန် မသင့်သောဆေးဝါးအမျိုးမျိုး၊ လူသုံးရန်မသင့်သည့်အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် အင်ဂျင်ဝိုင်ဆီများအား ဖျက်စီးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ခါးရှည် အမြဲတမ်းစစ်ဆေး ဂိတ်ဝင်းအတွင်း၌ ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့မှဦးဆောင်၍ သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် က‌လေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် (Placement Test) အထူးအစီအစဉ် စာဖြေဌာန (၂)ခုဖြင့် ကျင်းပဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသည့် အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ (Placement Test)အထူးအစီအစဉ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီမှစတင်၍ ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ စာဖြေဌာန(၂)ခုဖြင့် ကျင်းပဆောင်ရွက်သည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

တွံတေးမြို့နယ် ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ကံဘဲ့လမ်းဆုံတွင် ရက် (၁၀၀) စီမံချက်ပါ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကံဘဲ့လမ်းဆုံနှင့် မမျိုးစုလမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့်"ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ၇၆၂၄ဦး ဝင်ရောက်ဖြေဆို

အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေး အတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်းစစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ ရက်မှစတင်၍ ဆောင်ရွက် လျက်ရှိသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ