တွံတေး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ကံဘဲ့လမ်းဆုံတွင် ရက် (၁၀၀) စီမံချက်ပါ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကံဘဲ့လမ်းဆုံနှင့် မမျိုးစုလမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲအုပ်အောင်မျိုးကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသော်ဇင်၊ မြို့နယ်စည်ပင်သာယာရေးမှူးရုံးမှ စျေးတာဝန်ခံအဆင့် ၃ ဦးမြင့်အောင်၊ ကံဘဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယာဥ်စစ်ပိတ်ဆို့ရှာဖွေခြင်း၊ ပုဂ္ဂလိကယာဥ်များ၊ လုပ်ငန်းသုံးယာဥ်များနှင့် သယ်ယူပို့ဆောင်ရေးယာဥ်များအား စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေးခြင်း၊ စုံ/ မ ရက်များတွင် ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ မောင်းနှင်အသုံးပြုနိုင်ရန် (စုံ) နေ့ရက်များတွင် (စုံ) အက္ခရာပါသောယာဥ် (မ) ရက်တွင် (မ) အက္ခရာပါယာဥ်များ မောင်းနှင်နိုင်ရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးအား ကိုယ်ပိုင်ယာဥ် (၂၅) စီး၊ အငှားယာဥ် (၂၀) စီး၊ ကုန်တင်ယာဥ် (၁၅) စီး၊ အိုးဝေ/ ဘေးတွဲဆိုင်ကယ် (၂၀) စီး စုစုပေါင်း (၈၀) စီးတို့အား ပညာပေးလက်ကမ်းစာစောင် (၈၀) စောင် ဝေငှခြင်း၊ ဘေးတွဲဆိုင်ကယ်များ ညာကပ်မောင်းနှင်ရန်၊ ပါဝါအိပ်ဇော တပ်ဆင်အသုံးပြုခြင်းမပြုရန်၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးများ စနစ်တကျတပ်ဆင်မောင်းနှင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)