အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့်"ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

အလုံ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင် ဦးအောင်စိုးက အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်‌အား ပြောကြားခြင်း၊ စာရေးဆရာ ဦးစောရန်နောင်က စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း" စာအုပ်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး အ.ထ.က(၁)ကျောင်းမှ Grade-9 ကျောင်းသူများဖြစ်ကြသည့် အိမ်မြင့်မိုရ်၊ ချိုလဲ့ရည်ဖြိုး၊ ချစ်ပိုပိုဝင်း၊ မယွန်းဆုမွန်ကျော်နှင့် တက်ရောက်လာသော ကျောင်းသားကျောင်းသူလေးများက စာအုပ်ပါအကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ် စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)