ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိ

ဂန့်ဂေါ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် Grade-1 မှ Grade-8 ထိ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား (၃၇၅) ဦး၊ ကျောင်းသူ (၅၅၇) ဦး စုစုပေါင်း (၉၃၂) ဦးရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၃၃၄) ဦး၊ ကျောင်းသူ (၄၇၉) ဦး စုစုပေါင်း (၈၁၃) ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား (၄၁) ဦးနှင့် ကျောင်းသူ (၇၈) ဦး စုစုပေါင်း (၁၁၉) ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၂၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို    မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးဝင်းမြင့်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအနီးပတ်ဝန်းကျင်၌ ဆူညံသံများနှင့် အနှောင့်အယှက်များမရှိစေရေး ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)