မတ္တရာ ဇွန် ၁၅
အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေး အတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်းစစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ ရက်မှစတင်၍ ဆောင်ရွက် လျက်ရှိသည်။
ထို့သို့ Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦးရှိပြီး Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် ပျက်ကွက်သူ (၂၉၈)ဦး ရှိကြောင်းသိရသည်။
ရွှေရာသား