ဆိပ်ဖြူမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် (Placement Test) အထူးအစီအစဉ် စာဖြေဌာန (၂)ခုဖြင့် ကျင်းပဆောင်ရွက်

ဆိပ်ဖြူ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသည့် အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ (Placement Test)အထူးအစီအစဉ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီမှစတင်၍ ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ စာဖြေဌာန(၂)ခုဖြင့် ကျင်းပဆောင်ရွက်သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် (Placement Test)အထူးအစီအစဉ်ဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ အတန်းပညာဆက်လက်ဆည်းပူးဆောင်ရွက်နိုင်စေရန်အတွက် အခြေခံပညာဦးစီးဌာန၏ စီမံဆောင်ရွက်မှုတို့ဖြင့် ကျင်းပဆောင်ရွက်ကြောင်းသိရပြီး၊ မြို့နယ်ပညာရေးမှူးရုံးသို့   Placement Test ဖြေဆိုလျှောက်လွှာတင်သွင်းသူ (၆၇၈) ဦး လာရောက်တင်သွင်းကြောင်း ဖြေဆိုခွင့်ကတ် လာရောက်ထုတ်ယူသူ (၅၀၀) ဦးရှိသည့်အနက် ယနေ့ (Placement Test)အထူးအစီအစဉ် ပထမနေ့ မြန်မာစာဘာသာရပ်ကို  မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၉၆) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၆၆) ဦး စုစုပေါင်း ဖြေဆိုသူ (၄၆၂) ဦး ဖြေဆိုကြောင်း၊ (Placement Test) အထူးအစီအစဉ် စာမေးပွဲကို မူလတန်းအောက်အဆင့်ဖြစ်သည့် Grade–1 မှ Grade–3 အထိ စာဖြေဆိုရက် (၂)ရက်၊ မူလတန်းအထက်အဆင့်ဖြစ်သည့် Grade–4 မှ Grade–5 အထိ စာဖြေဆိုရက်(၅)ရက်၊ အလယ်တန်းအဆင့် Grade–6 မှ Grade –8 အထိ ကျောင်းသား/ကျောင်းသူများအနေဖြင့် (၆) ရက်ဖြေဆိုသွားကြရမှာဖြစ်ကြောင်း ကျောင်းသား/ကျောင်းသူများ (Placement Test)အထူးအစီအစဉ် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ပညာရေးမှူးနှင့်ပညာရေး ဝန်းထမ်းများကြီးကြပ်၍ သက်ဆိုင်ရာဌာနဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)