အမြို့မြို့အနယ်နယ်သတင်းများ

ကော့သောင်းမြို့၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းကို ရပ်ကွက်၊ကျေး‌ရွာအလိုက်  ဆောင်ရွက်လျက်ရှိသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ် စာစစ်ဌာန ၃ ခု၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် ကျောင်းသားကျောင်းသူ ၁၃၆၅ ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာစစ်ဌာန ၃ ခု၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် placement test (အထူးအစီအစဉ်) ဖြင့် ယနေ့နံနက် ၉နာရီက စတင်ကာ Grade- 1 မှ Grade - 8 အထိ ကျောင်းသားကျောင်းသူ ၁၃၆၅ ဦး ဖြေဆိုလျက်ရှိသည်။

ကော့သောင်းမြို့၌ ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ရေလုပ်သားများနှင့် ခရီးသည်များအား ရှာဖွေကယ်ဆယ်ရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့ဝင်များက  ပြည်သူများကြား မိမိတို့တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ ပိုမိုပေါ်လွင်စေရေးနှင့် တပ်ဖွဲ့ပုံရိပ်ပိုမိုကောင်းမွန်စေရန်အတွက် ဇွန် ၁၄ ရက် နံနက်ပိုင်းက ငါးဖမ်းရေယာဉ်များမှ ရေလုပ်သားများနှင့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ ပဲ့ချိတ်စက်လှေများဖြင့် လိုက်ပါသည့် ခရီးသည်များအား  "ရှာဖွေကယ်ဆယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ" ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ရက်(၁၀၀)စီမံချက်ဖြင့် မြန်အောင်၌ ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့်ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းကို ယနေ့နံနက်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ဖွင့်လှစ်ရာ မြန်အောင်ခရိုင်/မြို့နယ် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများတက်‌ရောက်ကြသည်။

အုတ်တွင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မဲကုန်းရပ်ကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မဟာအောင်မြေခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေခရိုင် (၄) မြို့နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ   ဝန်ထမ်းများက (၃၁)နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်အထမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း စီမံကိန်းဆောင်ရွက်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် Gulf Petroleum Myanmar Co.,Ltd တို့မှ မင်းရဲသူ စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု များနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ပေးအပ်၊ MSMEs လုပ်ငန်းများအား  ကြည့်ရှု 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်(၁၄)ရက်နံနက်ပိုင်းက မြိတ်မြို့ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းမြို့နယ်များရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာ၊ မျိုးစေ့ချကိရိယာများနှင့် အကျိုးဆောင်ခြံရှင်များအား ကော်ဖီ၊ ကိုကိုးနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ပေးအပ်ပွဲတက်ရောက်သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ မြန်မာစာဘာသာရပ်ကို အ.ထ.က(စဉ့်ကိုင်)၌ ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ