ရက်(၁၀၀)စီမံချက်ဖြင့် မြန်အောင်၌ ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းဖွင့်လှစ်

မြန်အောင်  ဇွန်   ၁၅

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့်ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းကို ယနေ့နံနက်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ဖွင့်လှစ်ရာ မြန်အောင်ခရိုင်/မြို့နယ် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများတက်‌ရောက်ကြသည်။

ဦးစွာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ပျားမွေးမြူရေးသည် သဘာဝပတ်ဝန်းကျင်ကိုအကျိုး ပြုရုံတင်မကဘဲ စီးပွားဖြစ်ပါအောင်မြင်ဖြစ် ထွန်းနိုင်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်‌ကြောင်း၊ ပျားမွေးမြူခြင်းဖြင့် အဖိုးတန် ပျား ရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန် စတာတွေကို ရရှိနိုင်တဲ့အပြင် သီးနှံစိုက်ခင်းတွေရဲ့ ဝတ်မှုန်ကူး ခြင်းလုပ်ငန်းကိုလည်းများစွာ အထောက်အကူပြုမှာဖြစ်‌ကြောင်း အမှာစကားပြောကြားသည်။ မြန်အောင်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ အေးသိင်္ဂီသင်းက ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ကိုရှင်းလင်းပြော ကြားသည်။ဆက်လက်၍ နေပြည်တော်(ရုံးချုပ်)မှ ပျားမွေးမြူရေးသင်တန်းနည်းပြဆရာက သင်တန်းတွင်ပို့ချပေးမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပျားမွေးမြူရေး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

မြန်အောင်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ဖွင့်လှစ်သော ပျားမွေးမြူရေးပြည်သူ့ ပညာပေးသင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှဝန်ထမ်း (၂၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလ(၂)ရက်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရ သည်။

ဝင်းဗိုလ်(ပြန်/ဆက်)