ကော့သောင်းမြို့၌ ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ရေလုပ်သားများနှင့် ခရီးသည်များအား ရှာဖွေကယ်ဆယ်ရေး အသိပညာပေး

ကော့သောင်း ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့ဝင်များက  ပြည်သူများကြား မိမိတို့တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ ပိုမိုပေါ်လွင်စေရေးနှင့် တပ်ဖွဲ့ပုံရိပ်ပိုမိုကောင်းမွန်စေရန်အတွက် ဇွန် ၁၄ ရက် နံနက်ပိုင်းက ငါးဖမ်းရေယာဉ်များမှ ရေလုပ်သားများနှင့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ ပဲ့ချိတ်စက်လှေများဖြင့် လိုက်ပါသည့် ခရီးသည်များအား  "ရှာဖွေကယ်ဆယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ" ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  တပ်ဖွဲ့ဝင်ရေယာဉ် ရဲမာန်အောင် (၃၃၄) မှ ရေယာဉ်မှူး ရဲမှူးရဲမင်းထက် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့မှ ပင်လယ်ပြင်သို့ ထွက်ခွာသည့် ငါးဖမ်းရေယာဉ်များမှ ရေလုပ်သားများအား လည်းကောင်း၊ တပ်ဖွဲ့ဝင်ရေယာဉ် (၁၆၃) မှ ရေယာဉ်တာဝန်ခံအရာရှိ ဒုရဲအုပ် အောင်မျိုးသက် ဦးစီးသော တပ်ဖွဲ့ဝင်များက ကော့သောင်းမြို့မှ ရနောင်းမြို့သို့ ဝင်ရောက်/ထွက်ခွာသည့် ပဲ့ချိတ်စက်လှေများဖြင့် လိုက်ပါသည့် ခရီးသည်များအား လည်းကောင်း ပင်လယ်ပြင်အတွင်း  အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်သည့် ရှာဖွေကယ်ဆယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရေယာဉ်ပေါ်တွင်ပါရှိရမည့် အသက်ကယ်ပစ္စည်းများနှင့် အသုံးပြုပုံနည်းစနစ်များအား လက်တွေ့သရုပ်ပြဝတ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)