ပုသိမ်ကြီး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာစစ်ဌာန ၃ ခု၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် placement test (အထူးအစီအစဉ်) ဖြင့် ယနေ့နံနက် ၉နာရီက စတင်ကာ Grade- 1 မှ Grade - 8 အထိ ကျောင်းသားကျောင်းသူ ၁၃၆၅ ဦး ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာသို့ အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်နှင့် တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာများက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရန် ကြပ်မတ်ဆောင်ရွက်ပေးသည်။
မြို့နယ်အတွင်း Grade- 1 ဖြေဆိုသူ ၈၁ ဦး၊ Grade- 2 ဖြေဆိုသူ ၁၇၈ ဦး၊ Grade- 3 ဖြေဆိုသူ ၁၉၇ ဦး၊ Grade -4 ဖြေဆိုသူ ၂၆၁ ဦး၊ Grade -5 ဖြေဆိုသူ ၂၀၅ ဦး၊ Grade -6 ဖြေဆိုသူ ၁၇၂ ဦး၊ Grade -7 ဖြေဆိုသူ ၁၆၃ ဦး၊ Grade- 8 ဖြေဆိုသူ ၁၀၈ ဦး၊ စုစုပေါင်း ၁၃၆၅ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်