အမြို့မြို့အနယ်နယ်သတင်းများ

မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မူဆယ်မြို့ ပန်ခမ်းကျေးရွာတွင် ‌ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ လူငယ်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တံတားမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Vaccine) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီက စတင်ထိုးနှံခဲ့သည်။

မိုင်းနောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် လွယ်စန့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပခုက္ကူမြို့နယ်တွင် ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)သင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်၊    ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ အစည်းအဝေးကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီ က ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) ကို ဇွန် ၁၆ ရက်၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ Placement Test (အထူးအစီအစဥ်)ဖြင့် မူလတန်းနှင့်အလယ်တန်းဆင့် စာမေးပွဲအေးချမ်းစွာစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် Placement Test (အထူးအစီအစဥ်)ဖြင့် မူလတန်းနှင့်အလယ်တန်းဆင့် စာမေးပွဲကို ဇွန် ၁၅ ရက်နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ကန့်ဘလူ)၌ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ