ပခုက္ကူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားကာ သင်တန်းဆက်လက်ပို့ချသည်။ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးများ၊ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်များမှတောင်သူ သင်တန်းသား/သင်တန်းသူ(၁၂၀)ဦး တက်ရောက်ကြပြီး သင်တန်းပို့ချမှုအပေါ်သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်းများအား လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)