လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လယ်ဝေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းစိုးက အမှာစကားပြောကြားပြီးသင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို ဇွန်၁၅ရက်မှ ၁၉ ရက်အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းသား၂၀ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)