မိုင်းခုတ် ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃၊ ဒေါ်ဇင်မီမီထွန်းက မူးယစ်ဆေးဝါးအလွဲသုံးမှုကို တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ကာကွယ်တားဆီးရေးနှင့်လူငယ်တို့၏အခန်းကဏ္ဍနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများစသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းခုတ်(ပြန်/ဆက်)