ကန့်ဘလူမြို့နယ်၌ Placement Test (အထူးအစီအစဥ်)ဖြင့် မူလတန်းနှင့်အလယ်တန်းဆင့် စာမေးပွဲအေးချမ်းစွာစတင်ဖြေဆို

ကန့်ဘလူ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် Placement Test (အထူးအစီအစဥ်)ဖြင့် မူလတန်းနှင့်အလယ်တန်းဆင့် စာမေးပွဲကို ဇွန် ၁၅ ရက်နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ကန့်ဘလူ)၌ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ကျောက်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီ မံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ က ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းစာမေးပွဲတွင် Grade- 1 မှ Grade- 8 ထိ စာရင်းရှိ ကျောင်းသား ၅၄၁၊ ကျောင်းသူ ၆၄၆ စုစုပေါင်း ၁၁၈၇ ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား ၅၀၄၊ ကျောင်းသူ ၅၈၄ စုစုပေါင်း ၁၀၈၈ ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား ၃၇၊ ကျောင်းသူ ၆၂ စုစုပေါင်း ၉၉၊ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၈၄ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။အဆိုပါစာမေးပွဲတွင် Grade- 1 မှ Grade- 3 ထိအတန်း များမှာ ဇွန် ၁၅ ရက်မှ ၁၆ ရက်ထိ ဖြေဆိုရမည်ဖြစ်ပြီး Grade- 4 မှ Grade- 8 ထိ အတန်းများမှာ ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)