မိုင်းနောင် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် လွယ်စန့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဦးစောအောင်မိုးထွေးက လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစားအကြောင်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ သတိပြုဖွယ် E-စီးကရက် (Vape)အန္တရာယ်များအကြောင်းကို ရှင်းလင်းဟောပြောကာ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ပြင်ပဗဟုသုတများရရှိစေရန် နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲများဆောင်ရွက်ကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် လွယ်စန့်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ စိတ်အပန်းပြေစေရန်နှင့် ပြင်ပဗဟုသုတမျာရရှိစေရန်ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲများဆောင်ရွက်ပေးခြင်း၊ ပုံပြင်ပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)