အမြို့မြို့အနယ်နယ်သတင်းများ

မိုင်းတုံ၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် ယနေ့ နံနက်ပိုင်းက ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိမ်းစံပယ်လှိုင်ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကန့်ဘလူမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲ  အခမ်းအနားကျင်းပ

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျော့ချနိုင်ရေးတို့အတွက်ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၂) ရပ်ကွက် အင်ကြင်းဥယာဥ်အတွင်း ဇွန် ၁၂ ရက်နံနက် ၇  နာရီခွဲကကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်ရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိ ကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာ သင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ဖြေဆိုခြင်းအား ဇွန် ၁၆ ရက် နံနက် ၉ နာအချိန်တွင် ဒုတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကိုကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် စာမေးပွဲဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် ဖြေဆိုလျက်ရှိကြသည်။

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျောက်ဆည်မြို့၌ ကျင်းပလျက်ရှိသည့် Placement Test (အထူး)စာမေးပွဲအား ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမျူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည့် Placement Test (အထူး) ရေးဖြေစာမေးပွဲကို ယနေ့နံနက်က ကြည့်ရှုအားပေးခဲ့ပြီး အခက် အခဲမရှိစေရေး လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်၏လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်‌ကောင်းမွန်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့် တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ