အမြို့မြို့အနယ်နယ်သတင်းများ

ကျုံပျော်မြို့၌ မြို့နယ်အဆင့် ကျောင်းအခြေပြုကျန်းမာရေး  အသိပညာမြှင့်တင်မှု သင်တန်းဖွင့်လှစ်

ကျောင်းသား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ပညာကောင်းစွာ သင်ယူနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အမှတ်  (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ မြို့နယ်အဆင့် ကျောင်းအခြေပြုကျန်းမာရေး  အသိပညာမြှင့်တင်မှုသင်တန်းကို ဇွန်လ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။

ကံကွဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းစုမှ နွေစပါးစိုက်ပျိုးဧကများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာသို့ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည်  ယမန်နေ့က သမဝါယမအသင်းသားတောင်သူ၏ နွေစပါးစိုက်ကွင်းအား စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ သည်။

လမ်းမတော်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ကာယ၊ဉာဏပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။

ကန့်ဘလူမြို့ အမက(အမက၄)၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် (၄) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နံနက် ၉ နာရီက ကျင်းပသည်။

ကျောက်တံခါးမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဇလုပ်ကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ် (၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖောင်းပြင်မြို့နယ်တွင် Placement Test(အထူးအစီအစဉ်)ဖြင့် မြန်မာစာဘာသာရပ်ဖြေဆို

နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် Placement Test(အထူးအစီအစဉ်)ဖြင့် Gradde-1 မှ Gradde-8 အဆင့် ကျောင်းသား၊ ကျောင်းသူများအား အတန်းတင်စာမေးပွဲကို ကျင်းပဖြေဆိုစေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် Placement Test(အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို  အ-ထ-က (ဖောင်းပြင်)ကျောင်း၌ ဇွန် ၁၅ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပဖြေဆိုခဲ့ပြီး မြန်မာစာ ဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်းသည်။

လှိုင်မြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး ၊လှိုင်ပညာခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။

ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ