အမြို့မြို့အနယ်နယ်သတင်းများ

မိုင်းဖြတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်ခရိုင်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲအခြေခံသိပ္ပံနှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ အခြေခံသိပ္ပံနှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ အ.ထ.က(၃)၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ကျောင်းကုန်းမြို့၌ ကျောင်းသား/ သူများ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊‌ ကျောင်းကုန်းမြို့၊ အမှတ် (၄) ရပ်ကွက် အခြေခံပ ညာအထက်တန်းကျောင်း (ခွဲ) အောက်ပိုင်းကျောင်းတွင် ယနေ့နံနက် ၉နာရီခွဲ အချိန်ခန့်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) "လမင်းစီမံချက်" ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ပေးအပ်ခဲ့သည်။

ပင်လုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံတက္ကသိုလ်တွင် ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ပင်လုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိဘက်စုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဇွန်လ ၁၇ ရက်နေ့နံနက် (၉း၀၀) နာရီက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ကလောမြို့နယ်၊ လမိုင်း‌ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လမိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်‌ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းများ နေ့ချင်းပြီး ဆောင်ရွက်

တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ  နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဇွန်လ ၁၈  ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးကြသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် “မှုခင်းကျဆင်း‌ရေးအသိပညာ‌ပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မှုခင်း ကျဆင်းရေး အသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက်၊ ဗုဒ္ဓဝိဟာရဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုး

ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ စိန်ကုန်း-ပုသိမ်-ငွေဆောင်ကားလမ်းဘေးတွင် ပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ