ဒဂုံတောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ကာယ၊ဉာဏပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကာယဉာဏပြိုင်ပွဲများ ဖြစ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စကောရွက်၊ ဘောလုံးကောက်၊ ဘယ်ခြေညာလက်၊ တူသယ်၊ ခုံလုပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ် ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ