ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ) ဝက်ချောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ခဲ့သည်။