ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project (QIP)မှ ဝါနှင့်မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာရှိ သီးနှံစိုက်တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project (QIP) မှ ဝါနှင့်မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၁၇) ရက်နေ့တွင် ​ ရွှန်းတက်ရတနာကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက တက်ရောက်လာသည့်တောင်သူများအား ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းက ဝါသီးနှံနှင့်မတ်ပဲသီးနှံများ ပန်းတိုင်းအထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်မည့်နည်းပညာများကို ရှင်းလင်းပြောကြားခဲ့ပြီး ‌ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူးဦးဆန်းဦးမှ ဝါနှင့်မတ်ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့ပေးအပ်ရခြင်းအကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဘုတ်ကုန်းကျေးရွာရှိ တောင်သူဦးကြီးများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)