အမြို့မြို့အနယ်နယ်သတင်းများ

ကျောက်ဆည်မြို့ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ကြီးမှူးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်မှုဖြင့် ဇွန် ၁၇ ရက်နေ့က ကျောက်ဆည်မြို့နယ်ဇော်ဂျီဂေါက်ကွင်း၌ ကမ္ဘာ့သဲကန္တရာဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ Myan Shwe Pyi Tractors Company Limited ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အမှတ်(၁၀၉)ရပ်ကွက်ရှိ Myan Shwe Pyi Tractors Company Limited ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၌ အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရမ်းမြို့ အ.ထ.က (မောင်းမ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် ကွင်းသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တလုတ္ထော်ကျေးရွာအုပ်စု၊ တလုတ္ထော်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၅)၊ ဦးပိုင်အမှတ်(၁၆၆)တောင်သူ ဦးညွန့်ဝင်းလှိုင်၏ လယ်မြေ (၁၅.၀၀)ဧကေပါ်တွင် ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။

ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပပါသည်။

ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုပြုဌာန(Community  Cent re)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာပေယဥ်ကျေးမှုနှင့်  စာပေနှင့်ယဥ်ကျေးမှု စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် မြင်းကကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြင်းကကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းစွမ်းရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များကိုရွေးချယ်ခဲ့ရာ အဆိုပါအဖွဲ့ဝင်များအား လုပ်ငန်းစွမ်းရည်မြင့်မားရေး သင်တန်းပို့ချခြင်းကို ဇွန်လ ၁၈ ရက်၊ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာရှိ “ပိုင်”ထန်းတဲနှင့် “လှိုင်” ထန်းတဲလုပ်ငန်းများ မီးဘေးလုံခြုံရေးအတွက် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ