အမြို့မြို့အနယ်နယ်သတင်းများ

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ သဆောင်ရွက်ခဲ့သည်။

ကျုံပျော်၌ မိုးစပါးရာသီ မျိုးစေ့ချကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်

တောင်သူများ မိုးစပါးကို နည်းစနစ်တကျစိုက်ပျိုးပြီး ကုန်ကျစရိတ်သက်သာကာ အထွက်နှုန်းပိုမိုကောင်းမွန်စေရန် အတွက် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချသရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာမှ တောင်သူ ဦးမောင်မြင့်၊ ဦးသိန်းထွန်းနှင့် ဦးဖိုးသောင်းရွှေတို့၏ လယ်မြေ  ၅၀ ဧက၌ ဇွန်လ ၁၇ ရက်နံနက် ၈ နာရီက ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းစင်သော စားသောက်ကုန်များကို စားသုံးနိုင်ရန်နှင့် ကျောင်းကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ ကျောင်းများတွင် ရောင်းချသည့် မုန့်/စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွှတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့က တကုန်းကြီးကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်းသို့ မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့  ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉)အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၁ နာရီက မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား  အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

တွံတေးမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အ.လ.ကဘုရားကြီး၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်စု၊ုရားကြီးကျေးရွာ အ.လ.က (ဘုရားကြီး)ရှိ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကွင်းဆင်းပြုလုပ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံ​တေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ကြံခင်းမြို့၌ ဧရာ၀တီတိုင်းဒေသကြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့များက အ.ထ.က(၂)နှင့် အ.မ.က(ဘုရားနီတောင်) ကျောင်းတို့တွင် ဗလာစာအုပ်များလှူဒါန်း

ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အ.ထ.က(၂)နှင့် အ.မ.က(ဘုရားနီတောင်)ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၌ ရည်ညွှန်းဈေးဖြင့် ကျေးရွာ ၇ ရွာ၌ စားအုန်းဆီ ၁၅၅၂ ပိဿာအား ရောင်းချပေး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရည်ညွှန်းဈေးဖြင့် ကျေးရွာ ၇ ရွာ၌ စားအုန်းဆီ ၁၅၅၂ ပိဿာရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထယ်ထိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထယ်ထိုးထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သဘော့ငူကျေးရွာအုပ်စုတွင်ကျင်းပရာ ဒုတိယတိုင်း‌ဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းအောင်သန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုပ်လုပ်မှုတိုးတက်မြှင့်မား‌ရေးကော်မတီဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ် အထက(ခွဲ)လှပခြင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ)လှပခြင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ