ကန်ကြီးထောင့် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့က တကုန်းကြီးကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
ထိုသို့ထုတ်ပေးရာတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးရုံး/ခရိုင်ရုံးမှ ဦးစီးမှူးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးဝန်ထမ်းများမှ တကုန်းကြီးကျေးရွာအုပ်စု၊ အထက-တကုန်းကြီး စာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရသစ် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆေင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များအား ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)