ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆိုလာမီးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။