တွံတေး ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်စု၊ုရားကြီးကျေးရွာ အ.လ.က (ဘုရားကြီး)ရှိ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကွင်းဆင်းပြုလုပ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဒေါ်ယဥ်ယဥ်အေး ခေါင်းဆောင်သောအဖွဲ့မှ လမင်းစီမံချက်ဖြင့် အသက်၁၀နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)