ကြံခင်းမြို့၌ ဧရာ၀တီတိုင်းဒေသကြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့များက အ.ထ.က(၂)နှင့် အ.မ.က(ဘုရားနီတောင်) ကျောင်းတို့တွင် ဗလာစာအုပ်များလှူဒါန်း

ကြံခင်း ဇွန် ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အ.ထ.က(၂)နှင့် အ.မ.က(ဘုရားနီတောင်)ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

ဦးစွာ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ ဧရာဝတီတိုင်းဒေသကြီးလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဦးအောင်ဆန်း၀င်း၊ တိုင်းဒေသကြီးဘဏ္ဍာရေးမှူး ဦးဖြိုးမင်းသက်နှင့်အသင်း၀င်များက အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ပြည့်ဖြိုး ဦးဆောင်၍ မြို့နယ်ရုံးဝန်ထမ်းများက ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် UID ကတ်များကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အ.ထ.က(၂)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးထွန်းထံ ဧရာဝတီတိုင်းဒေသကြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်း၀င်းနှင့် အသင်းဝင်များက အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအသုံးပြုစေရန် ဗလာစာအုပ်(၁၂)ဒါဇင်ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး၊ ချင်းမြောင်အုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ဘုရားနီတောင်)သို့ သွားရောက်ကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်စုစုလွင်နှင့်တွေ့ဆုံ၍ အမှန်တကယ်လိုအပ်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များထံသို့ ဗလာစာအုပ် (၁၀) ဒါဇင်အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)