အမြို့မြို့အနယ်နယ်သတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပပြလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာ ရီခွဲက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း ခန်းမ၌ ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏  တန်ဆောင်တိုင်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၇ခုနှစ်၊(၈၈)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် စည်ကား သိုက်မြိုက်စွာနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာမြင့်မားစေရန်နှင့် စဥ်းစားတွေးခေါ်တတ်စေရန်တို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့နံနက်(၁၀)နာရီချိန်က ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်မြို့မ(အ.ထ.က) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့မ (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (ကသဲစု)တို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင် သိရသည်။

ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် စိုက်ပျိုးထားသော ဧရာပဒေသာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နေရာဒေသအလိုက် ရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၆၂) ဦးပိုင်အမှတ်(၂၄/၁) တောင်သူဦးအောင်မင်း စိုက်ပျိုးထားသော ဧရာပဒေသာစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စာဖတ်ရှိန်မြင့်မားရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး  ကျောက်ဆည်ခရိုင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၂၄)ရက် နံနက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက ဟူးမွန်ကျေးရွာ ရေပူကွင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ