ကန်ကြီးထောင့် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထယ်ထိုးထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သဘော့ငူကျေးရွာအုပ်စုတွင်ကျင်းပရာ ဒုတိယတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းအောင်သန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုပ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ဒုတိယတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းအောင်သန်းက တောင်သူများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးက တောင်သူများအား လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက သဘော့ငူကျေးရွာအုပ်စုရှိ ကွင်းအမှတ်-၁၈၇E၊ ဦးပိုင်အမှတ်- ၃၆ တောင်သူ ဦးသက်ပိုင်စိုး၏ လယ်ဧရိယာ(၅.၀၀)ဧကအတွင်း လယ်ယာမြေများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမှု အခြေအနေများအား ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)