ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်များကို ထိရောက်အောင်မြင်စွာ ဖြေရှင်းနိုင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင် ကောင်းမွန်သောဂေဟစနစ်များ ပိုင်ဆိုင်နိုင်မည်
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။