မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ကျင်းပ

မြိတ် ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်တက္ကသိုလ် ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သော တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ဖြစ်စေရေးအတွက် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ် ပြိုင်ပွဲကို ဒီဇင်ဘာ (၁၂) ရက်နံနက် (၇) နာရီက တက္ကသိုလ် အားကစားကွင်းတွင် ကျင်းပသည်။

ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲကို တက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီနာယက၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ဘာသာရပ်ဌာနအသီးသီးမှ ပြေးခုန်ပစ်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီးနောက် ပြိုင်ပွဲစတင်ခဲ့ရာ ခေတ္တပါမောက္ခချုပ်၊ ဆရာ/ ဆရာ မများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ (၁၀၀/၂၀၀/၄၀၀/၈၀၀/၁၅၀၀) အပြေးပြိုင်ပွဲများ၊ မီတာ (၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန် ပြိုင်ပွဲများကို ဘာသာရပ်ဌာနအသီးသီးမှ ပြေးခုန်ပစ်အားကစားသမား (၁၁၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၁၂) ရက်နှင့် (၁၃) ရက် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)